မရမ်းကုန်းမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ (၄/၂၀၂၀)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မရမ်းကုန်း သြဂုတ် ၁၂

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (/၂၀၂၀)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့် အမှာစကား ပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းပြီးမြောက်မှု အခြေအနေ များအား မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ဌာနများ က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အခြေအနေ များအား ပြန်လည်​ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)