ဗန်းမော် ဩဂုတ် ၁၂
ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ) တို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဗန်းမော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က နေပြည်တော်ရှိ အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းကော်မတီရှိပါကြောင်းနှင့် ဥပဒေများနှင့် ပတ်သက်၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲရပါ ကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများကိုလည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲပါ ကြောင်း ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမြင့်လှိုင်က ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ခွင့်ရရှိရေး၊ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရေးများကို ကော်မတီက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းက ဌာန၏လုပ်ငန်းကြီး ၇ ရပ်အပြင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများလည်း ဆောင်ရွက်လျက် ရှိပါကြောင်း နှင့် မြို့နယ်ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ခြင်း၊ ဥပဒေ ရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ကချင်ပြည်နယ်ရုံးတာဝန်ခံ ဒေါ်ဘန်ထွယ်(တရားလွှတ်တော်ရှေ့နေ) က မိတ်ဆက် စကား ပြောကြားခြင်း၊ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ကချင်ပြည်နယ်ရုံး မန်နေဂျာ ဦးမောင်မောင် (တရားလွှတ်တော်ရှေ့နေ) က ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေး ရှင်းလင်းဆွေးပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင် များက သိလိုသည်များ လိုအပ်သည့် အချက်အလက်များ၊ ဆောင်ရွက်ရမည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်