ပြင်ဦးလွင် ဩဂုတ် ၁၂
ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးကန်ဘောင်နှင့် မြို့တွင်းရေးဆင်းမြောင်းများ သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ဘောင်သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက်များနှင့် ကမ်းကပ် အပင်များ စနစ်တကျ ကောက်ယူ ရှင်းလင်းခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မိုးတွင်းကာလများတွင် အမျိုးသားကန်တော်ကြီး ဉယျာဉ်မှတစ်ဆင့်မှ ကန်တော်လေးကန်အတွင်းသို့ ရေများစီးဆင်းလျက် ရှိသဖြင့် ကန်တော်လေးကန်ဘောင်အတွင်း အမှိုက်များကောက်ယူခြင်း၊ ကန်ပတ်လည်တွင် ပေါက်နေသောအပင်များအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေမော်များဆယ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကန်တော်လေးကန်ဘောင်မှ ရေများသည် ပြင်ဉီးလွင်မြို့၏ အဓိကရေဆင်းမြောင်းဖြစ်သည့် ဂဲလောင်းချောင်း အတွင်းသို့ ထပ်မံစီးဆင်းလျက်ရှိပြီး အပတ်စဉ်ပုံမှန်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက်(ပြင်ဦးလွင်)