ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်(၁၇)ဦး ထပ်မံတွေ့ရှိ

ဝမ်းတွင်း ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ ပြည်သူကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ်အတွင်း အနံ့ပျောက်၊ ဖျားနာ၊ ကျန်မာရေးမကောင်းသူနှင့် ထိစက်မှုရှိသူများအား ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် သာသနာဗိမာန်တွင် RDTဖြင့် စစ်ဆေးရာတွင် စစ်ဆေးသူ(၂၄)ဦးရှိရာ ပိုးတွေ့သူ(၁၆)ယောက်နှင့် မိတ္တီလာမှ စစ်ဆေးခဲ့ပြီး ပိုးတွေ့သူ(၁)ဦး စုစုပေါင်း(၁၇)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများအနေဖြင့် ဝမ်းတွင်း(၁)ရပ်ကွက်မှ(၆)ဦး၊ မြေတိုင်ကန်ကျေးရွာမှ(၁)ဦး၊ သုံးဒေါင့်အိုင်ကျေးရွာမှ(၂)ဦး၊ နေပူကုန်းကျေးရွာမှ(၁)ဦး၊ ကျွတ်ကန်ကျေးရွာမှ(၁)ဦး၊ လျှော်ပင်ကျေးရွာမှ(၁)ဦး၊ ထနောင်းကုန်းကျေးရွာမှ(၁)ဦး၊ တမာကုန်းကျေးရွာမှ(၁)ဦး၊ တောင်ဘို ကျေးရွာမှ(၁)ဦး၊ ကိုင်းကျေးရွာမှ(၁)ဦး၊ ပဲနံ့သာ ကျေးရွာမှ(၁)ဦး စုစုပေါင်း(၁၇)ဦးရှိကြောင်းနှင့် ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ရောဂါ ကုသဆောင်နှင့် မိုးလုံလေလုံ အားကစားရုံ ကိုဗစ်-၁၉ ကုဆောင်တို့တွင် ဆေးကုသမှုများခံယူရန် ဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ် ထိတွေမှု့ရှိခဲ့ သူများကို စုံစမ်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)