မိုးမိတ်မြို့၌ အောက်ဆီဂျင်အိုးများ လွဲပြောင်းပေးအပ်ခြင်း

မိုးမိတ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်မိုးမိတ်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ကျော်ဇော်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူး အောင်ဇော်ထက်နှင့် တာဝန်ရှိ သူများက အောက်ဆီဂျင်ဖြည့်တင်းရန် လိုအပ်နေသော အောက်စီဂျင်အိုးကြီး ၁၈ လုံးအား စစ်ဗျူဟာ(အခြေချ) မိုးမိတ်၏ ကူညီထောက်ပံ့မှုဖြင့် ပြန်လည်ဖြည့်တင်း၍ မိုးမိတ်နှင့် မဘိမ်းမြို့နယ်များရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီများထံသို့ ပြန်လည်လွဲပြောင်း ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)