ကော့မှူး ဩဂုတ် ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက်က မြို့သစ်ရပ်ကွက်၌ ဆောင်ရွက်နေကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ နေအိမ်များအရောက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် ရေး၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ပိုးလောက် လမ်း ပေါက်ဖွားနိုင်သည့် နေရာများ ရှင်းလင်း ခြင်း၊ ရေအိုး၊ ရေစည်၊ ရေလှောင်ကန်များအတွင်း အဘိတ်ဆေး ခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားမီက ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည့်အတွက် အဘိတ် ဆေးခတ်ခြင်းများ အသိပညာပေးခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျော်သူရ ကော့မှူး