နမ့်စန်(တ) ဩဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့သာယာလှပစေရန် ရည်ရွယ်၍ မြို့နယ် စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး နမ့်စန်တပ်နယ်ရုံးရှေ့တွင် ယနေ့ နံနက် ၈ နာရီ က သပြေဘူတပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့် ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှထွေးနှင့် ကော်မတီဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး နှင့် ဝန်ထမ်းများက သပြေ ဘူတ ပျိုးပင် ၃၅ ပင်ကို အဆိုပါပြည်ထောင်စုလမ်းမကြီးဘေးတွင် စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့သာယာလှပရေးအတွက် အလှူရှင်များ ၊ သက်ဆိုင်ရာ ဌာန များနှင့် ပူးပေါင်းကာ ခိုလမ်-နမ့်စန် ၊ မိုးနဲ-နမ့်စန် နှင့် တောင်ကြီး-နမ့်စန် မြို့ဝင် ပြည်ထောင်စု လမ်းမကြီး ဘေးတလျှောက်နေရာများတွင် ဇူလိုင်လ ပထမပတ် မှစတင်၍ သပြေဘူတပျိုးပင်များကို မှာယူ စိုက်ပျိုး ပေးလျက်ရှိရာ လက်ရှိအချိန်အထိ သပြေဘူတ ပျိုးပင်ပေါင်း ၄၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှထွေးထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)