ကော့မှူးမြို့နယ်၌ မေထုန်မဲ့သားစပ်ခြင်း သင်တန်းဖွင့်လှစ်

ကော့မှူး ဩဂုတ် ၁၂

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် စီပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက်ဖြင့်(CERP)အရ ဖွင့်လှစ် သော မေထုန်မဲ့သားစပ်ခြင်းသင်တန်းကို ယ‌နေ့ နံနက်က မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း‌ ပြောကြားပြီး မဲထုန်မဲ့သားစပ်ခြင်းကြောင့် မိမိတို့ မြို့နယ်တွင် မျိုးမြင့်နွားသိုး၏ မျိုးရိုးဗီဇ နွားကောင်းများ ရရှိစေခြင်း၊ သဘာဝ သားစပ်ခြင်းကြောင့် နွားသိုးတစ်ကောင်မှ ရရှိသော မျိုးရေဖြင့် နွားမကောင်ရေ (၂၀၀၀မှ၂၅၀၀)ထိ သားစပ်နိုင်ခြင်း၊ မွေးမြူသူများ ကြိုက်နှစ်သက်သော နွားများကို အချိန် ကုန် လူသက်သာပြီး အလွယ်တကူ နွားမအား သားတင်နိုင်ခြင်း ယခုအချိန်တွင်လည်း မိမိတို့မြို့နယ်တွင် နို့စား၊ အသားတိုး၊ ပြာစိမ်း၊ ရွှေနီ နွားမျိုး များကို တွင်တွင်ကျယ်ကျယ် သားစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း‌ ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအား မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင်လည်း သင်တန်းများ ဆက်လက်၍ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်ထံမှ သိရသည်။

ကျော်သူရ ကော့မှူး