တာလေ ဩဂုတ် ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး ဖျက်အားပျင်း FAW (ငမြှောင်တောင်ပိုး) ကျရောက်မှု အခြေအနေများကို ကြိုတင်ကင်းထောက်နိုင်သည့် Phenomone Trap ချိတ်ဆွဲခြင်း အား အမှတ် (၂)ရပ်ကွက်ရှိ တောင်သူ ဒေါ်ကေသွယ်ထွန်း၏ မိုးလယ်စိုက်ပြောင်းစိုက်ခင်းတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် Phenomone Trap ခွက်ထဲတွင် FAW (ငမြှောင်တောင်) ဖျက်ပိုး အဖိုများကို ဆွဲဆောင် စေသည့် ဟော်မုန်းထည့်သွင်းထားပြီး အဖိုများကိုဆွဲဆောင်စေ၍ ခွက်အတွင်း ကျစေသဖြင့် ပိုး ကျရောက်မှု ရှိ/ မရှိ အား ကြိုတင်ကင်းထောက် စစ်ဆေးနိုင်၍ ဖျက်ပိုးကျရောက်မှုအား စောလျင်စွာ သိရှိ နိုင်ကာ လိုအပ်ပါက ပိုးသတ်ဆေးများ အသုံးပြုပြီး ပိုးကောင်များကို နှိမ်နင်းနိုင်သောကြောင့် သီးနှံ ပျက်စီး ဆုံးရှုံးမှုမှ အချိန်မီ တားဆီးကာကွယ်နိုင်ပါ ၍တောင်သူများ အနေဖြင့် သီးနှံဖျက်ပိုးအန္တရာယ်မှ ကာကွယ် နိုင်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးနေလင်းက ပြောသည်။
အဆိုပါ ဖျက်အားပျင်း FAW (ငမြောင်တောင်) ဖျက်ပိုး ကျရောက်မှုကို ကြိုတင် ကင်းထောက်နိုင်သည့် Phenomone Trap ချိတ်ဆွဲခြင်းကို စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများက စိုက်ခင်း ပိုင်ရှင် ဒေါ်ကေသွယ်ထွန်းနှင့်အတူ ပူးပေါင်းဆောင်ရွက် ကြကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)