ကျိုင်းတောင်း သြဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ထိန်းချုပ် ကာကွယ်ရေးအနေဖြင့် ကျိုင်းတောင်းမြို့ အထက(တုန်ဟုန်း) ကျောင်း၌ ယနေ့ ၉ နာရီအချိန်က ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေး ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရွှေလူငယ်ပရဟိတအသင်းတို့ပူးပေါင်းဆောင်ရွက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပိုးသတ်ဆေးဖျန်းခြင်းကို လာရောက်အားပေးခဲ့ကြောင်း သိရသည်။
စိုးတင့် ၊ ကျိုင်းတောင်း(ပြန်/ဆက်)