ပင်းတယ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်းတယမြို့၌(COVID-19) ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ် အဆင့်ကော်မတီအဖွဲ့ဝင်တို့သည် ယနေ့မွန်းလွဲ၂ နာရီ အချိန်က (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး Faciality Quarantine နေရာများ ကြိုတင်ပြင်ဆင်ထားရှိမှု များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပင်းတယမြို့နယ်အတွင်း Covid-19 ရောဂါ တတိယလှိုင်း ဖြစ်ပွါးမှုကာလတွင် positiveရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူ များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရန်အတွက် ပင်းတယမြို့ အော်ရောရပ်ကွက်ရှိမိုးကုတ်ရိပ်သာတွင် ထားရှိ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမူကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ ကြောင်းသိရသည်။
မိုးမိုးထွေး