မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေး​ ဆောင်ရွက်နိုင်​ရန်အတွက် လိုအပ်သည့် အောက်စီဂျင်များ ထုတ်လုပ်​နေမှုအ​ပေါ် သွား​ရောက်ကြည့်ရှု

​မော်လမြိုင် ဇူလိုင် ၁၆

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယ​နေ့ နံနက် (၁၀) နာရီအချိန်တွင် ကိုဗစ်-၁၉ ​ရောဂါနှင့် ပတ်သက်၍ အောက်စီဂျင်လိုအပ်သည့် ပိုး​တွေ့လူနာများအတွက် ကျန်းမာ​ရေး​စောင့်ရှောက်မှုပေး​နိုင်ရန် အောက်စီဂျင် ထုတ်လုပ်​​​နေသည့် နေရာများဖြစ်သော​မော်လမြိုင်မြို့၊ ​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးရှိ ​အောက်စီဂျင် ထုတ်လုပ်​နေမှု  အ​ခြေအ​နေအားလည်း​ကောင်း၊ ပုဂ္ဂလိကစက်ရုံအ​နေဖြင့် ​ကျောက်တန်းစက်ရုံစုရှိသံလွင်​အောက်စီဂျင်ထုတ်စက်ရုံတို့အားလည်း​ကောင်းသွားရောက်ကြည့်ရှုခဲ့သည်။
 

 

ထိုသို့သွား​ရောက် ကြည့်ရှုရာတွင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက “ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းသည်မြင့်တက်လာပြီဖြစ်ကြောင်း အောက်စီဂျင် လိုအပ်သည့် ပိုး​တွေ့လူနာများအတွက် ကျန်းမာ​ရေး​စောင့်ရှောက်မှု ​ပေး​နိုင်ရန် အောက်စီဂျင်များ ဖြည့်ဆည်း​ဆောင်ရွက်​ပေးနိုင်​ရေး အထူးအ​လေး​ပေး ​ဆောင်ရွက်​ပေးကြရန်”  လမ်းညွှန်မှာကြားခဲ့သည်။
 

မွန်ပြည်နယ်တွင် အောက်စီဂျင် ထုတ်လုပ်​နေမှုအ​နေဖြင့် မော်လမြိုင်မြို့၊ ​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးတွင် ​အောက်စီဂျင် စက်နှစ်လုံးမှ တစ်​နေ့လျှင် (၄၀) လီတာအိုး အလုံး (၈၀) နှင့် ​ရေးမြို့နယ် ပြည်သူ့​ဆေးရုံတွင် အိုးအလုံး (၄၀) ထုတ်လုပ်​ပေးလျက်ရှိ​​ကြောင်းနှင့် ပုဂ္ဂလိကစက်ရုံများအ​နေဖြင့် လည်းလိုအပ်သည့်အောက်စီဂျင်များကို ထုတ်လုပ်နိုင်​ရေး အထူးအ​လေး​ပေး​ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

 

ခရိုင်(ပြန်/ဆက်)