လားရှိုး ဇူလိုင် ၁၆
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင်/အလှူရှင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ သံသယလူနာများအား စောင့်ကြည့်ကြပ်မတ်ရေး၊ ပိုးတွေ့လူနာများအား သီးခြားထားရှိကာ ကုသပေးရေး၊ အောက်စီဂျင်များ လုံလောက်စွာရရှိရေး စသည့် လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးပို့လာသော Oxygen Plant အား လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးရုံးဘေး အဆောင်တွင် တပ်ဆင်ထားရှိရာ တာဝန်ရှိသူများက ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။
ဥမ္မာချို