ဒဂုံမြို့နယ်၌ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်း ဆောင်ရွက်

ဒဂုံ ဩဂုတ် ၁၂

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းနှင့် အလံပြဘုရားလမ်းတို့၌   မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ    ရဲမှူးဇော်မင်းလွင်နှင့်   တာဝန်ရှိသူများ၊    ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့ည ၉ နာရီက ယာဉ်ကြောပိတ်ဆို့  စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ  စိတ်အေးချမ်းစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပေါ် စေရေးတို့အတွက်  လမ်းတလျှောက်ဖြတ်သန်းသွားလာသော ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်း ဆိုင်ရာများ၊  လမ်း၏ သတ်မှတ်မိုင်နှုန်း မောင်းနှင်းမှုများ၊ ယာဉ်မောင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးပေးခြင်းအားဖြင့်  နေ့စဉ်ခရီးသွားပြည်သူများအတွက်  ယာဉ်အန္တရာယ်   မတော်တဆဖြစ်မှုများ နှင့် အခြား မလိုလားအပ်သည့်  အန္တရာယ်များ ကင်းဝေစေရန်  စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)