ဒဂုံ ဩဂုတ် ၁၂
၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဩဂုတ် ၉ ရက် နေ့က Online စနစ်ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုက်နက်တည်း ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အတွင်းမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၉၀) ဦးရှိပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်သူ (၈၈၁) ဦးရှိကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဒဂုံမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်သူ(၈၈၁) ဦးမှ အောင်ချက် ရာခိုင်နှုန်းအားဖြင့် (၆၈.၂၉)ရှိပြီး ခြောက်ဘာသာဂုဏ်ထူးရှင်(၄၀)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၈၀)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၉၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၉၁)ဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင်(၉၀)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၇၄)ဦး ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် အ-ထ-က (၁)ဒဂုံမှ မြန်မာတစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၁၂)ဦး စာရင်းတွင် မမေသက်ထွန်း က(ပထမ)၊ မကျော့ဟေမာန်မျိုးက(စတုတ္ထ)နှင့် မချောနန္ဒာက(သတ္တမ) အဆင့်တို့၌ အသီး သီးပါဝင်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)