အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး(Mask Canpaign)နှင့် Mask တပ်ဆင်မှုမရှိသူအား အရေးယူ ဆောင်ရွက်

 

အမ်း ဇူလိုင် ၁၆

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချူပ်ရေးလုပ်ငန်းများကို  အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အသိပညာပေး(Mask Canpaign)နှင့် Mask တပ်ဆင်မှု မရှိသူအား အရေးယူဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်းသိရှိရ သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဌေးအောင် ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ ပူးပေါင်းကာ အမ္ဗနဒီဈေး၊ ပြည်သူများဖြတ်သန်းသွားလာလျှက်ရှိသော လမ်းဆုံလမ်းမများ၊ မြို့တွင်း ရောင်းချ လျက်ရှိသောဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကွမ်းယာဆိုင်များသို့သွား ရောက်၍ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်မှု မရှိသူ(၃)ဦးအား ပထမအကြိမ်ဒဏ်ကြေးငွေ(၅၀၀)ကျပ် ပေးဆောင်ခြင်း  (Mask)တပ်ဆင်စေ၍ အထပ်မံ ၍အပိုတစ်ခုပေးခြင်းဆောင်ရွက်ခဲ့သည်။

 

အမ်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်မှုမရှိသူများအား  အရေး ယူဆောင်ရွက်ခြင်းနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရှိရသည်။

 

စိုးမင်းထွန်း