ပျော်ဘွယ် ဇူလိုင် ၁၆
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းမှစတင်ကာ နှာခေါင်းစည်းမတပ်ဆင်ဘဲ နေအိမ်ပြင်ပထွက်ခွာ လာသူများအား ဒဏ်ကြေးချမှတ်ခြင်းစတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးနိုင်ရန်ဌာနဆိုင်ရာအဖွဲ့များပူးပေါင်းပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း ကာ ပြည်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးပြီး နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း၏ တန်ဖိုးအတိုင်း ဒဏ်ကြေးချမှတ်ကာ အသိပညာပေးခဲ့ကြောင်းသိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်းပါဝင်သည့် စစ်ဆေးရေးအဖွဲ့(၄)ဖွဲ့ထားရှိပြီး ဇူလိုင်လ ကုန် အထိ စောင့်ကြည့်စစ်ဆေးခြင်း၊ လိုက်နာမှုမရှိသူများအား ဒဏ်ကြေးချမှတ်ခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)