လင်းခေး ဇူလိုင် ၁၆
လတ်တလောကာလတွင် ဖြစ်ပေါ်လျက်ရှိသည့် ကူးစက်မြန်ကိုဗစ်-19ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့ မစည်ပင်သာယာဈေးများ တွင် ဈေးရောင်းဈေးဝယ်ပြုလျက်ရှိကြသော အများပြည်သူများ နှာခေါင်းစည်းတပ်ဆင်စေရေး၊ ဈေးရောင်းသူများ မျက်နှာကာ(Face Chield)တပ်ဆင်၍ ရောင်းချသွားနိုင်ကြစေရန် တာဝန်ရှိသူ တို့က ယမန်နေ့နေ့လည်ပိုင်းက အဆိုပါဈေးသူဈေးသားများအား လှည့်လည်အသိပေးကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာတွင် လင်းခေးမြို့နယ် ကိုဗစ်-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများကဈေးသူဈေးသားများထံ နှာခေါင်းစည်း(Mask)အခမဲ့ပေးဝေခြင်းနှင့် မျက်နှာကာ (Face Chield)များစနစ်တကျ တပ်ဆင်ရောင်းချစေရန်တို့ကို ကြပ်မတ်၊ အသိပညာပေး ဟောပြောခဲ့ကြကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)