မိုင်းယောင်း၌ Home Quarantine ဝင်နေသူများအား RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ

မိုင်းယောင်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ဖျားနာကုဆေးခန်း၌ ယမန်နေ့တွင် Home Quarantine ဝင်ရောက်နေသူ အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃)ဦး အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာ စုစုပေါင်း (၇)ဦးရှိရာ ပြန်လည်ကောင်းမွန်လာသူ သုံးဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ပြုလိုက်သဖြင့် အတည်ပြုလူနာ (၄)ဦး ကျန်ရှိနေပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှု ခံယူနေလျက်ရှိ ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း