မိုင်းပျဉ်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုးအတည်ပြု လူနာ(၇)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့၍ အတည်ပြုလူနာစုစုပေါင်း(၅၃)ဦးထိရှိပြီဖြစ်ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့အဝင်/အထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၁၅ရက်က ခရီးသွားလာသူများအား စစ်ဆေးမှုများပြုလုပ်စဉ်ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၆)ဦးနှင့် မိုင်းပျဉ်းမြို့ Quarantine Center တွင် အသွားအလာကန့် သတ်ထားရှိသူ(၁)ဦး၊ စုစုပေါင်း(၇)ဦးထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်၌ထားရှိ၍ ဆေးကုသမှုပေးနေပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပြီး မိုင်းပျဉ်းမြို့၌ ဇွန်လ ၃၀ ရက်မှ ဇူလိုင်၁၅ရက်ထိ ကိုဗစ်အတည်ပြုလူနာ (၅၃)ဦးထိရှိ ပြီဖြစ် ကြောင်း သိရသည်။
မေမွန်ထွဋ်