နမ့်ဆန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ(၃)ဦး ထပ်မံတွေ့ရှိ

နမ့်ဆန် ဇူလိုင် ၁၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသည့် နေရာများသို့ ယမန်နေ့က RDT Test Kit ဖြင့် နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ တက်ကြွလူငယ် ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၃)ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း (၁၃) ဦးထိ ရှိလာကြောင်း သိရသည်။

ရောဂါပိုး‌တွေ့ရှိခဲ့သည့် လူနာများမှာ (၃၂ )နှစ်အရွယ် အမျိုးသမီး(၁)ဦး နှစ်လအရွယ် ကလေးငယ် ယောက်ျားလေး(၁)ဦး (၅)နှစ်အရွယ် မိန်းကလေး(၁)ဦး ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိခဲ့သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်းသန်းထိုက် နှင့် တာ၀န်ရှိသူများ၏ စီမံမှုဖြင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိပ်သာရှိ သီးသန့်ကုသဆောင်တွင် ထားရှိကာ ဆေးကုသမှုများ ပြုလုပ်သွားမည်ဖြစ်ပြီးမြို့နယ်အတွင်း Quarantine ဝင်ရောက်နေသူ များအား စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

စည်သူမောင်မောင်