မိုင်းနောင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင်အညီ စနစ်တကျ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးရဲနိုင်ထွန်းနှင့် ကိုဗစ်-၁၉ ကော်မတီဝင်များသည် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထား သော စည်းကမ်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်၍ ရောင်းချရန် စျေးဝယ်သူ များအတွက် လက်ဆေးဘေစင်များ၊ ရေမလိုလက်သန့်ဆေးရည်များ ထားရှိပေးရန်၊ (mask) တပ်ဆင်၍ စျေးရောင်းစျေးဝယ်ပြုလုပ်ရန်များကိုအသိပေးရှင်းလင်းခဲ့သည်။
ဆက်လက်၍ လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်၊ ရောင်းချ ခြင်းမပြုရန်နှင့် လူအဝင်အထွက်များ ကန့်သတ်ထားရှိရန်၊ ပါဆယ်(Take Away)စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိပြန်လည်စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရ သည်။
မနန်း(မိုင်းနောင်)