ဟိုပန်မြို့တွင် COVID-19 ရောဂါ အတည်ပြုလူနာ(၆)ဦးထပ်မံတွေ့ရှိ

ဟိုပန် ဇူလိုင် ၁၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ကရုံးကုန်းရပ်ကွက်နေ အသက် (၄၁) နှစ်အရွယ်အမျိုးသမီးနှင့် မန်မိုင်ရပ်ကွက်နေ အသက် (၅၈)နှစ်အရွယ်အမျိုးသားတို့တွင် COVID-19 ရောဂါလက္ခဏာ သံသယတွေ့ရှိရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးရာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးနှင့်ဆက်စပ်ထိတွေ့မိသူ(၉)ဦးအား စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိရပဲ ရောဂါပိုးတွေ့ရှိသည့် အမျိုးသားနှင့် ဆက်စပ်ထိတွေ့မိသူ(၈)ဦးအား စစ်ဆေးရာ အသက် (၃၆) အရွယ် အမျိုးသား(၁)ဦး၊ အသက်(၂)နှစ်(၂)လအရွယ်ယောကျ်ားလေး(၁)ဦး၊ အသက်(၅၄)နှင့်အသက်(၃၀)အရွယ်အမျိုးသမီးတို့တွင် COVID-19

(Positive)တွေ့ရှိခဲ့သည်။ရောဂါပိုးတွေ့ရှိသူ(၆)ဦးအား မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သီးခြားဆေးကုသပေးလျက်ရှိပြီး Negative တွေ့ရှိသူ (၁၃)ဦးအား Home Quarantine ထားရှိကာ ၎င်းတို့၏ခရီးသွားရာဇဝင်များ၊ ထိတွေ့ဆက်စပ်သူများကိုရှာဖွေစစ်ဆေးလျက်ရှိသည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့ထိ COVID-19 ရောဂါ အတည်ပြုလူနာ (၃၅)ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ(၂၁)ဦးရှိပြီဖြစ်ကြောင်း ဟိုပန်မြို့နယ် COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)