မော်လမြိုင် ဇူလိုင် ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ကြရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ယု ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့များသည် ဇူလိုင်၁၅ မွန်းလွဲပိုင်းက ကော့လှာကျေးရွာ အဝင်/အထွက်လမ်း များ၌ ပြည်သူများ (Stay at Home)ကာလ နေအိမ်ပြင်ပ ဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးကြောင်းသိရသည်။
စစ်ဆေးရာတွင်ပြည်သူများ အနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာတာဝန်ခံများကအိမ်ထောင်စု တစ်စုလျှင်တစ်ကဒ်နှုန်းပြင် ပဈေးဝယ်သွားလာခွင့် လက်မှတ် ထုတ်ပေးထားပြီးဖြစ်၍အဆိုပါလက်မှတ်ဖြင့် သွားလာရမည်ဖြစ်ပြီးမဖြစ်မနေနေအိမ်ပြင်ပသို့ သွားရောက်ရန်လိုအပ်ပါက ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ် ချက်များဖြစ်သည့် ပါးစပ်၊နှာခေါင်းစည်းစနစ်တကျတပ်ဆင်ကြရေး အသိပညာပေးဆောင်ရွက်ကြသည်။ အလားတူကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာများတွင်လည်း ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍စစ်ဆေး ကြပ်မတ်ခြင်းဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)