ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိစုစုပေါင်း အတည်ပြုလူနာ ၁၁၄ ဦးရှိပြီဖြစ်

ပင်လောင်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇူလိုင် ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ ရုံးဝင်း ရပ်ကွက်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊ အနောက်ရပ်ကွက်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ကံသာဦးရပ်ကွက်မှ အမျိုးသား တစ်ဦး၊ နန်းတုတ်ကျေးရွာအုပ်စု နန်းတုတ်ရွာမှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊ ဘန်းပြင်ဘုန်းကြီးကျောင်းမှ အမျိုးသားတစ်ဦး၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်အလယ်ပိုင်းမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း အတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိခဲ့သည်။

ပင်လောင်းမြို့နယ်တွင် ဇွန် ၃၀ ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၁၁၄ ဦး တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၄၃ ဦးရှိပြီဖြစ်ရာ ကျန်ရှိနေသောအတည်ပြုလူနာများကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဆောင်းပြောင်းတိုက်နယ် ဆေးရုံ၊ နောင်တရား တိုက်နယ်ဆေးရုံ၊ တီကျစ်တိုက်နယ်ဆေးရုံနှင့် ပေါင်းလောင်းတိုက်နယ်ဆေးရုံ သီးသန့်ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး သေဆုံးသူ နှစ်ဦးရှိပြီ ဖြစ်ကြောင်း၊ အတည်ပြုလူနာ များနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေး စောင့်ရှောက်ထားရှိမည် ဖြစ်ကြောင်း နှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)