မိတ္ထီလာ ဇူလိုင် ၁၅
မိတ္ထီလာမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများအား ကိုဗစ်၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးရည်ရွယ်ချက်ဖြင့် ဇူလိုင်လ၁၆ရက် နေ့မှ စတင်ပြီးနေ့စဉ် နံနက် ၆ နာရီမှမွန်းလွဲ ၁ နာရီအချိန်ထိသာ ဖွင့်လှစ်ရောင်းချရန် ယနေ့ဇူလိုင်လ ၁၅ရက်နေ့တွင် သက်ဆိုင်ရာက ထုတ်ပြန်ကြေညာထား ကြောင်းသိရသည်။
မိတ္ထီလာမြို့မဈေးကြီးအပါအဝင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအတွင်း အပြင်ရှိဆိုင်များ အားလုံးကို ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်ပြီး ဩဂုတ်လ ၇ ရက်နေ့အထိ ရက်သတ္တပတ်နှစ်ပတ်ကြာ ယာယီ
ကန့်သတ် ၍ နေ့စဉ်မရှိမဖြစ် အသုံးလိုသော စားသောက်ကုန်ပစ္စည်းများ (သားငါး၊ကုန်စိမ်း၊ကုန်ခြောက်ဆိုင်) များကို နေ့စဉ်နံနက် ၆နာရီမှ မွန်းလွဲ ၁ နာရီ အချိန်ထိ ဖွင့်လှစ်ရောင်းချသွားရန်၊ အခြားကုန်ပစ္စည်းများရောင်း
ချခြင်း မပြုရန် ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ခွာ၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ရန် ၊ ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသောပုံစံနှင့်အညီ စနစ်တကျ တပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ်ပြုကြရန်တို့ကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး အဖွဲ့ က ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က မိတ္ထီလာမြို့မဈေးကြီးအား ဈေးဖွင့်ရက်တိုင်း နံနက်၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုခြင်းဖြစ်ကြောင်းသိရသည်။
ချမ်းသာ