စစ်တွေ ဇူလိုင် ၁၅
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၁ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ယနေ့ နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးနှင့် တောင်သူလယ် သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀နှုန်းနှင့် အတိုးနှုန်းတစ်နှစ်လျင် ၅ ရာခိုင်နှုန်းဖြင့်ထုတ်ချေးပေး လျက်ရှိသည်။ ထိုသို့ထုတ်ချေးရာတွင် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ်၊ သိန်းတန် ကျေးရွာအုပ်စုမှ တောင်သူ ၆၈ ဦးအား လယ်ဧက ၃၂၀ ဧကအတွက် ငွေကျပ် ၄၈ ဒသမ ၀၀ သန်းနှင့် ယနေ့မွန်းလွဲပိုင်းတွင် ချောင်းနွယ်ကျေးရွာအုပ်စုမှ တောင်သူ ၅၆ ဦးကို လယ်ဧက ၃၀၂ ဧကအတွက် ငွေကျပ် ၄၅ ဒသမ ၃၀ သန်းကို ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
စစ်တွေခရိုင်ဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ်မိုးရာသီးစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်၂၀၂၀ မိုးချေးငွေပြေ ကျေစွာပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာထုတ်ချေးပေးလျက်ရှိြပီး ချေးငွေ ထုတ်ချေးပေးနေစဉ် ကာလအတွင်း လာရောက်ပေးဆပ်သူတောင်သူဦးကြီးများကိုလည်း ချေးငွေ ပေးဆပ်မှုကိုလက်ခံ၍ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စစ်တွေခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးရဲထွန်း ထံမှ သိရသည်။
လက်ရှိတွင် စစ်တွေခရိုင်ဘဏ်ခွဲမှ တောင်သူ ၉၄၅ ဦးအား လယ်ဧက ၄၇၆၄ ဧကအတွက် ငွေကျပ် ၇၁၄ ဒသမ ၆၀ သန်းကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်းသိရသည်။
တင်ထွန်း