စဉ့်ကိုင် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်းဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင့်အတွင်း ကျွမ်းကျင်မှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ဌာနတွင်းဝန်ထမ်းများ စာဖတ်ရှိန်မြှင့် တင်ရေး စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်မှ လုပ်ငန်းတာဝန်များကို ဇွဲ ၊ လုံ့လ ၊ ဝီရိယ ဖြင့်တိကျ မှန်ကန် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် ဖတ်ကြား ဆွေးနွေး ခဲ့သည်။
ထိုနောက် ဓာတ်ပုံကျွမ်းကျင်-၂ ဒေါ်ညိုညိုဝင်း မှ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံ ကြည်ထိုက်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသီက ထူးချွန်ပြောင် မြောက်မှု နှင့် အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ အငယ်တန်းစာရေး ဒေါ်အေးအေးမိုးမှ ဘက်လိုက်မှုကင်းခြင်း ၊ အဂတိ ကင်းရှင်းခြင်း ၊ တရားမျှတစွာ ဆောင်ရွက်မှု ရှိခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း ၊ လုပ်သားရုပ်သံ ဦးအောင်ပိုင်ပိုင်ကျော်ကပွင့်လင်းမြင်သာမှု ၊ တာဝန်ယူမှုနှင့်တာ ဝန် ခံမှုရှိခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ညိုညိုဝင်း