ဝမ်းတွင်း ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လမှစ၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပိုးတွေ့သူများအနက်(၈)ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ထပ်မံရရှိခဲ့ကြောင်းကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ၂၀၂၁ခုနှစ်ဇွန်လ(၈)ရက်နေ့မှ စတင်ကာကိုဗစ်-၁၉ရောဂါပိုကူး ဆက်ခံရသူ တွေ့ရှိခဲ့ပြီး နေ့စဉ်ရောဂါပိုးကူးဆက်ခံရသူများ တိုးပွားလာကာ ယနေ့အချိန်ထိ (၁၆၅)ဦးရှိခဲ့ပြီး ယနေ့နံနက်တွင် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံးဆင်းခွင့်ရရှိသူ (၈)ဦရှိခဲ့ပြီး အဆိုပါ ဆေးရုံဆင်းခွင့်ရှိသူများအနေဖြင့် ရွှေတောင်ကျေးရွာမှ(၁)ဦး၊ ဝမ်တွင်း(၂) ရပ်ကွက်မှ(၁)ဦး၊ ဇီးဖြူခြံကျေးရွာမှ(၂)ဦး၊ ဝမ်းတွင်း(၃)ရပ်ကွက်မှ(၁)ဦး၊ တောင်ဇချမ်းကုန်း ကျေးရွာမှ(၁)ဦး၊ မိတ္ထီလာမြို့မှ(၁)ဦး၊ ဝမ်းတွင်း(၂)ရပ်ကွက်မှ(၁)ဦး စုစုပေါင်း(၈)ဦးမှာ ဆေးရုံ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၉၃)ဦးရှိခဲ့ကာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၂၅)ဦးနှင့် သေဆုံးသူ(၃)ဦးရှိကာ လက်ရှိဆေးကုသမှု ခံယူနေသူ(၁၆၅)ဦးရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)