လွိုင်လင် ဩဂုတ် ၁၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင် ခရိုင်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်း လွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က ယနေ့ နံနက်ပိုင်းတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရိပ်သာ၌ (ဒုတိယနေ့)အဖြစ် စိစစ်ခြင်းဆောင်ရွက်ကြကြောင်းသိရသည်။
အဆိုပါ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလျှောက်လွှာများ စိစစ်ခြင်းကို လွိုင်လင်ခရိုင် အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးသန်းတင် ၊ အတွင်းရေးမှူး ဦးသိန်းနိုင်နှင့် အဖွဲ့ဝင်(၁၅)ဦးတို့က စိစစ် ဆောင်ရွက်လျက်ရှိသည်။ လွိုင်လင်ခရိုင်၊နမ့်စန်မြို့နယ်နှင့် ကွန်ဟိန်းမြို့နယ် များအတွက် ပြည်သူ့ လွှတ်တော် ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၊၂) နေရာများအတွက် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စား လှယ်လောင်းအမည်စာရင်းတင်သွင်းလျှောက်ထားသူ (၃၉)ဦးကို ယနေ့နံနက်ပိုင်းမှစတင်၍ စိစစ် လျက်ရှိကြောင်း ခရိုင်အထွေထွေရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ထံမှသိရသည်။
မိုးလွင်ဦး(လွိုင်လင်)