တပ်ကုန်းမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

 

တပ်ကုန်း           ဩဂုတ်             ၁၂

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင်   ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးက ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီ ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ အားလုံး ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြား ပြီးနောက် ဒက္ခိဏခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေမာလှိုင်၊ ဒုတိယ ဦးစီးမှူး ဒေါ်အိအိမွန် (တပ်ကုန်း မြို့နယ်တာဝန်ခံ)တို့က ကလေးသူငယ်ဆိုင်ရာလုပ်ငန်းများ နှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်ကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များဖြစ်ကြ သည့် ဒေါက်တာ ထွန်းထွန်း (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဒေါ်တင့်တင့်ခိုင် (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)၊ ဒေါ်တင့်တင့်ကြည် (မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း) ဒေါ်ယမင်းအေး (ရင်းသွေး ပျိုးခင်း မူကြို ကျောင်း)တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်