COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရတောင်သူများအားလုပ်အားခငွေနှင့် ဓါတ်မြေသြဇာများ အခမဲ့ ပေးအပ်

 

မောက်မယ် သြဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ COVID-19 ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးသန့် ၊ မျိုးစေ့ထုတ် လုပ်ငန်းများ ဆောင်ရွက်သော တောင်သူလယ်သမားများအတွက် လုပ်အားခငွေများနှင့် ဓါတ်မြေသြဇာများကို စဉ့်ဆိုင် ကျေးရွာအုပ်စု ၊ မိုင်းယွန်းကျေးရွာရှိ တောင်သူဦးစိုင်းဝ၏လယ်ကွင်း၌ ယမန်နေ့ ညနေ ၄ နာရီက သွားရောက် ၍ တောင်သူလက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စိုက်ပျိုးရေး ဉီးစီးမှူးဦးသက်နိုင်က(CERP) အစီအစဉ်အရ မျိုးသန့်၊ မျိုးစေ့ထုတ် တောင်သူ များအား ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ရခြင်းနှင့် သုံးစွဲပုံ သုံးစွဲနည်း အသိပညာပေး ရှင်းလင်း ဆွေးနွေးပြီး စိုက်ပျိုးရေးဝန်ထမ်းများနှင့်ဒေသခံတောင်သူများပူးပေါင်း၍ မိုးစပါးဓါတ်မြေသြဇာများ ကြဲပက်ပုံ အဆင့်ဆင့် ကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်(ပြန်/ဆက်)