လွိုင်လင် ဩဂုတ် ၁၂
လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်း(၁၀၀)အောက် ခွင့်ပြုရန်ပုံငွေဖြင့် လွိုင်လင်မြို့ မြို့တွင်းရှိ သုခလမ်းကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် Three Floral Co,ltd ကုမ္ပဏီက တင်ဒါအောင်မြင် ခဲ့ကြောင်းသိရသည်။ အဆိုပါလမ်းသည် အကျယ် (၁၈)ပေ - အရှည် ၃၆၆ ပေ ၊ အထူ ၈ လက်မ ရှိကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပြီး ၊ ကျပ်သန်း(၁၀)နှင့်အထက်လုပ်ငန်းဖြစ်၍ တင်ဒါ စနစ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည် ။
မိုးလွင်ဦး(လွိုင်လင်)