တာလေ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အစိုးရဌာနဆိုင်ရာရုံးဝင်းနှင့်မြို့ပေါ် ရပ်ကွက်အချို့၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့က တာလေမြို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လောကပါလ လူမှုကူညီရေးအသင်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာလေမြို့ရှိ မိဘပြည်သူများ “မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးဖျန်းခြင်းတွေကို အစိုးရဌာနဆိုင်ရာ ရုံးဝင်းနှင့် မြို့ပေါ်ရပ်ကွက်အချို့တို့မှာ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခြင်း” ဖြစ်သည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းကို “သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လောကပါလ လူမှုကူညီရေးအသင်းတို့က ပူးပေါင်းပြီး တာလေမြို့အတွင်း ဆေးဖျန်းရန် ကျန်ရှိနေသော အစိုးရဌာနဆိုင်ရာရုံးများ နှင့် ရပ်ကွက်များအတွင်း ခြင်ဆေးဖျန်းခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း” သိရှိရသည်။
အောင်ကျော်မိုး