ရခိုင်ပြည်နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၇/၂၀၂၁) ကျင်းပ

စစ်တွေ  ဇူလိုင် ၁၅

         

ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နံနက်ပိုင်းက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ယခုကဲ့သို့ အစည်းအဝေးခေါ်ယူကျင်းပရခြင်းသည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များအနေဖြင့် နေ့စဉ်ဆောင်ရွက်နေသည့်အခါ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြန်လည်သုံးသပ်ပြီး ယခုထက်ပိုမိုကောင်မွန်အောင် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက် လျင်ပိုကောင်းနိုင်မည်ကို ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲများကလည်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုနှုန်းသည် တဖြည်းဖြည်းတိုးတက် မြင့်မားလာသည်ကို တွေ့ရသည့်အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်ပေးကြရန် မှာကြားထားပါကြောင်း၊ ပြည်သူများကလည်း တာဝန်ရှိသည့်ပုဂ္ဂိုလ်များက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ကြိုးစားလုပ်ဆောင်နေကြသည့်အချိန်တွင် ပူးပေါင်းပါဝင်လိုက်နာ လုပ်ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် စစ်တွေမြို့ပေါ်တွင် ပြည်သူများမှာ စည်းကမ်း လိုက်နာမှုအားနည်းနေသည်ကို တွေ့ရပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင် မိမိတို့ဆန္ဒအလျောက် ဈေးများကို နေ့တစ်ဝက်ပိတ်ခြင်း၊ အချိန်နှင့်ပိတ်ခြင်း၊ ဈေးပိတ်ခြင်းများကို ဆောင်ရွက်နေကြသည်ကို တွေ့ရပါကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်ပါမှ ကိုဗစ်-၁၉ ရောဂါကိုထိန်းချုပ်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် စစ်တွေမြို့မှ မြို့မိ၊ မြို့ဖများနှင့် ဒေသကိုယ်စားပြုသူများကို ဖိတ်ကြားထားပါကြောင်း၊ နောက်တစ်ခုက ကိုဗစ်လူနာများလာသည်နှင့်အမျှ အောက်ဆီဂျင်သုံးစွဲမှုက လည်းများပြား လာပါကြောင်း၊ အချို့မြို့နယ် များတွင် အောက်ဆီဂျင်ပြတ်လပ်နိုင်သည်အထိဖြစ်ခဲ့ပါကြောင်း၊ အောက်ဆီဂျင် အလှူရှင်များ လက်ခံ ရရှိနိုင်ရေးအတွက်လည်း အစည်းအဝေးတွင် ဆွေးနွေးပေးကြစေ လိုကြောင်းနှင့် ကော်မတီဝင်များ အနေဖြင့်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက် အားသာချက်များအား မည်ကဲ့သို့ပူးပေါင်းဆောင်ခြင်းဖြင့် အောင်မည် မည်ကဲ့သို့ဆက်လက်ဆောင်ရွက် သွားကြမည်ကို အကြံပြုဆွေးနွေးတင်ပြကြ စေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်အဆင့် Coronavirus Disease – 2019 (Covid-19)ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ပြည်နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်း အဝေးအမှတ်စဉ် (၆/၂၀၂၁) ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ် အဆင့် Coronavirus Disease – 2019 (Covid-19)ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဒေသကိုယ်စားပြုသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတွေ့ ရှိခဲ့မှုအခြေအနေ၊ ပြည်သူအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ တတ်ဆင်သွားလာနိုင်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူများ၏ အခြေအနေ၊ ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ ဖြန့်ဝေထား ရှိမှုအခြေ၊ မြို့နယ်ဆေးရုံများတွင် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ထုတ်ပြန်ချက်များအား အချိန် နှင့်တပြေးညီ သတင်းထုတ် ပြန်နိုင်ရေးဆောင်ရွက်နေမှု တို့ကို ဆွေနွေးတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက   ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။

 

တင်ထွန်း