ကျောက်တံတားမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ နှာခေါင်းစည်း(Mask)များနှင့် လက်သန့်ဆေးရည်ဗူးများ လာရောက် လှူဒါန်း

ကျောက်တံတား သြဂုတ် ၁၂

ကျောက်တံတားမြို့နယ် မြို့နယ်ပညာရေးမှူးရုံးသို့ သြဂုတ်လ(၁၁)ရက်နေ့  နေ့လယ်(၂)နာရီက ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်၊ အဆိုတော်ချစ်ကောင်းနှင့် ဦးတိုးဝေတင်တို့မှ ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များ အသုံးပြုနိုင်ရန်  နှာခေါင်းစည်း (Mask) များနှင့် လက်သန့်ဆေးရည်ဗူးများ ကို လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ပညာ ရေးမှူး ဒေါ်ခင်မိမိချိုနှင့် အ.ထ.ကကျောင်းမ ှကျောင်းအုပ် ဆရာမကြီးဒေါ်မြင့်မြင့်လွင်တို့ က လက်ခံခဲ့ကြောင်း သိရ သည်။

အဆိုပါ နှာခေါင်းစည်း(Mask)များနှင့် လက်သန့်ဆေးရည်ဗူးများကို မြို့နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးက စနစ်တကျ ခွဲဝေပေး ခဲ့ကြောင်းသိရသည်။

ရွှေနန်းမေ