သုံးခွမြို့နယ်တွင် "Reorientation Training For PHS2 Through Mobile Tablets" မြို့နယ်အဆင့် မွမ်းမံသင်တန်းဖွင့်လှစ်

သုံးခွ ဩဂုတ် ၁၂

ရန်ကုန်တောင်ပိုင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  "Reorientation Training For PHS2 Through Mobile Tablets " မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ သင်တန်း ခန်းမ၌ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မှူဇော်၀င်းသန်းက ပြည်သူလူထုအကြား ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ရန်နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဝန်ထမ်းများ၏  ပြည်သူလူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည် မြှင့်တင်ပေးရန်အတွက်    Mobile Tablets" အသုံးပြုပြီး Training ပေးခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

သင်တန်းတွင် သင်တန်းဆရာများအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၂) ဦးဝေလွင်စိုးနှင့် ကျန်းမာရေး မှူး (၃) ဦးနေလင်းဦးတို့က သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းကို  သြဂုတ် ၁၀ မှ ၁၄ ရက်နေ့ အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအချိန်ထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး သုံးခွမြို့နယ် အတွင်းရှိ ကျန်းမာရေးကြီးကြပ် (၂) သင်တန်းသား၊ သင်တန်းသူ (၃၂) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

စည်သူလင်း ပြန်/ဆက်