မိုးညှင်း ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မြို့နယ်အတွင်း ဖွဲ့စည်းထားသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲတွင် စာရေးဆရာချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဦးရဲလင်းနောင် (ဘုန်းသစ်)၊ ဒေါ်ဝင်းဝင်းမြတ် (ယဉ်ဝေသိမ့်) တို့က တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ကို အပိုင်းနှစ်ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြပြီး စာရေးဆရာမ ဒေါ်ခင်မာဆွေ (တင်တင်ဆွေမာ-မိုးညှင်း) က အဆိုပါစာအုပ်ခေါင်းစဉ်နှင့် ပတ်သက်၍ ထပ်မံဆွေးနွေး ခဲ့သည်။
မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းကို ဒေသခံစာရေး ဆရာများ၊ ပုံမှန်စာဖတ်သူများကို အခြေပြု၍ အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ယနေ့ ကျင်းပသည့် စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင် (၅) ဦးနှင့် စာဖတ်ဝါသနာရှင် (၁၀) ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)