မူဆယ် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDP Camps (၆)ခုရှိ တိုက်ပွဲရှောင် ပြည်သူ များအား အခြေခံစားသောက်ကုန်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိ သူများက ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မူဆယ်မြို့မှ တာဝန်ရှိသူများသည် တိုက်ပွဲရှောင်ပြည်သူများထားရှိသော IDP Camps (၆)ခုသို့ သွားရောက်ပြီး အိမ်ထောင်စု(၃၉၉)စု၊ လူဦးရေ(၁၉၆၄)ဦးအတွက် (၁၄)ရက်စာအဖြစ် အခြေခံ စားသောက် ကုန်များဖြစ်သည့် ဆန်(၂၂၈)အိတ်၊ ဆီ(၃၉၉)ပိဿာ၊ ဆား(၂၀၀)ပိဿာနှင့် ကုလားပဲ (၁၄)အိတ်တို့ကို စခန်းမှတာဝန်ခံများကတဆင့် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
စန္ဒာ(ပြန်/ဆက်)