ပင်းတယ ဩဂုတ် ၁၂
ရှမ်းပြည် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများရှိ နေအိမ် များ၌ အသုံးပြုရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတပ်ဆင် ထားသည့် ရုံးများ၊ နေအိမ်များနှင့် ဈေးဆိုင် များ၌ WiFi Internet လိုင်းဖမ်းယူသည့် စက်တပ်ဆင် အသုံးပြုနိုင်ရန်အတွက် စာရင်းများ ကောက်ယူလျက် ရှိကြောင်း သိရသည်။
အဆိုပါ WiFi Internet လိုင်းများတပ်ဆင်ရေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းလုပ် ငန်းများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မြို့နယ်ရုံးခွဲမှ ကိုထွန်းထွန်း(ဒုကြီးကြပ်)နှင့် အဖွဲ့ဝင် များတို့က ကြိုးဖုန်းများ တပ်ဆင် ထားသည့် နေအိမ်များသို့သွားရောက်ကာ စာရင်းကောက်ယူ လျက်ရှိရာ WiFi Internet လိုင်းတပ်ဆင် အသုံးပြုရန် စာရင်းပေးသွင်းထားမှုမှာ ၁၀၀ ကျော်ရှိ ပြီ ဖြစ်ကြောင်းသိရသည်။
‘’ ကျွန်တော်တို့က လိုင်းဆွဲအားကောင်းတဲ့ 10MWiFi လိုင်းတွေကို တပ်ဆင်ပေးတဲ့အခါ ယခု ပထမ အကြိမ်စီမံချက်အတိုင်း တပ်ဆင်ပေးမှာဖြစ်ပြီး လစဉ်ကြေးကို တစ်လ ၂၅၀၀၀ နှုန်းကျ သင့်မှာဖြစ်ပါတယ် နေအိမ် အရောက် 10MWiFi တပ်ဆင်ပေးမှုအပြင် အသစ်ထပ်မံတပ်ဆင်လို သူများကိုလည်း FTTH နေအိမ် အရောက် ဖိုင်ဘာကေဘယ်စနစ်ဖြင့် တပ်ဆင်ပေးသွား မှာဖြစ်ပြီး စုစုပေါင်း ကျသင့်ငွေ ၃၉၀၀၀ ကျပ်ဖြစ် ပါတယ် ‘’ ဟုရှင်းလင်းပြောကြားခဲ့သည်။
ခင်မျိုးနွယ်(ပင်းတယ)