ပင်လုံမြို့တွင် အမျိုးသမီး(၃)ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံစစ်ဆေးတွေ့ရှိ

ပင်လုံ ဇူလိုင် ၁၄

ပင်လုံမြို့၊ မြို့သစ်တွင် နေထိုင်သူ အသက်(၅၄)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၅၂)နှစ်အရွယ် အမျိုး သမီး(၁)ဦး နှင့်အသက်(၅၈)နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့သည်၁၃-၇-၂၀၂၁ရက်နေ့ မွန်းလွှဲ ပိုင်းက ပင်လုံမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါအမျိုးသမီးတို့ တွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ(၃)ဦးတို့အား ပင်လုံမြို့ရှိ ၎င်းတို့နေထိုင်သည့်မြို့သစ် နေအိမ်တွင် (Home Quarartine)ထားရှိ၍ အသွားအလာကန့်သတ်ထားရှိကြောင်းနှင့် ၎င်း အမျိုးသမီး(၃)ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးအသွားအလာ ကန့်သတ်ထားရှိနိုင်ရေးအတွက် အမြန် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

၎င်းကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး(၃)ဦးအနက် (၂)ဦးမှာ လွန်ခဲ့သည့်(၄)ရက်ခန့်က နမ့်စန်မြို့၊ မတ်ကျန်းဒေသ (ပန်လင်းဆိုင် ကျေးရွာ)မှ ပင်လုံမြို့သို့ပြန်လည်ရောက်ရှိ လာသူဖြစ်ပြီး၊ ကျန်အမျိုးသမီး(၁)ဦး မှာ ၎င်းနမ့်စန်ပြန် အမျိုးသမီး(၂)ဦးနှင့်ထိတွေ့ခဲ့သူဖြစ်ကြောင်းသိရသည်။ ယနေ့ ပင်လုံပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးသူ စုစုပေါင်း(၁၇)ဦးအနက်၊ အမျိုးသမီး (၅)ဦးမှာကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်း ပင်လုံမြို့ ကျန်းမာရေးဌာနနှင့်ပင်လုံမြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အထောက်အကူပြုကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)