မိုင်းဖြတ် ၊ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများသည် ယနေ့နံနက်၉နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို မြို့အဝင်တွင်ဖွင့်လှစ်ထားသည် ကျန်းမာရေးစစ်ဆေးရေး ဂိတ်၌ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်လက်ထောင်-၃ ဒေါ်နန်းကောင်ခမ်းနှင့်ဝန်ထမ်းများက ပြည်ထောင်စုလမ်းမကြီး ပေါ် ဖြတ်သန်းသွားလာနေကြသည့် မိဘပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ထုတ်ဝေသည့် COVID-19 မပြန့်ပွားဖို့ မိမိက၍ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များ၊ မိသားစုအတွက် COVID-19အချက်အလက်များ စသည့်အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ခြင်း၊ နှာခေါင်းစည်း(Mask)မပါသူများကို နှာခေါင်းစည်းများဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ဝန်ထမ်းများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူ့တမ္မတနိုင်ငံ Phoenix ရုတ်သံမီဒီယာက တွေ့ဆုံမေးမြန်းစဉ် အမေးအဖြေ(၂၀၂၁ခုနှစ်၊ မေလ)ထုတ်စာအုပ်များကို ဌာနဆိုင်ရာများသို့ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး