ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံပေး

ပင်လောင်း ဇူလိုင် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၂၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆေးကို ယနေ့နံနက်ပိုင်းက ထပ်မံထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ပညာရေးဌာနမှ ဆရာ/ဆရာမများက ကာကွယ်ဆေးထိုးနှံမည့်သူများအား စာရင်းကောက်ယူရေးသွင်းခြင်း၊ ဆေးထိုးမှတ်တမ်း လက်မှတ် ထုတ်ပေးခြင်း၊ မြို့နယ်ကုသရေးနှင့်ပြည့်သူကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့်သူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ်လ (၁၀)ရက်နေ့တွင်စတင်ဆေးထိုးနှံပေးပြီး ပင်လောင်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ လူထုများအား ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့ရှိ စုရပ်အသီးသီးတွင် စုစုပေါင်း ၅၈၄၄ ဦး အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)