ခိုလမ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်ထောင်စုလမ်းမကြီး ( တာချီလိတ် - ကျိုင်းတုံ - ကွန်ဟိန်း - တောင်ကြီး ) မြို့ဝင်ဂိတ်တွင် နေ့စဉ်နံနက်( ၈ ) နာရီ အချိန်မှ စတင်၍ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်များအား ခရီးသွားမှတ်တမ်းကောက်ယူခြင်းများကို ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မြင့် ဦးဆောင်၍ ကျန်းမာရေးဌာန ၊ ရဲတပ်ဖွဲ့ဝင် တစ်ဦး ၊ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ က ပူးပေါင်းကာ အလှည့်ကျတာဝန်ယူပြီး နေ့စဉ်နံနက်( ၈ ) နာရီ မှ ညနေ ( ၁၆ ) နာရီ အချိန်ထိ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)