မိုင်းပန်မြို့နယ်တွင် Community Based Facility Quarantine တွင် ထားရှိသူ (၁၄) ဦးအနက် (၃) ဦးအား ဒုတိယအကြိမ်ထပ်မံစစ်ဆေး

မိုင်းပန် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဇူလိုင်လ (၄) ရက်နေ့က မိုင်းပန်မြို့၊ အလယ်ရပ်ကွက်တွင်နေထိုင်သူ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၂) ဦးတွင် COVID-19 ရောဂါပိုးစတင်ပိုးတွေ့ရှိပြီး ပိုးတွေ့ရှိသူ၏ အတူနေ မိသားစုနှင့် ထိတွေ့ခဲ့သူများအား RDT Test Kit ဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ ဇူလိုင်လ (၅) ရက်နေ့တွင် မိသားစုဝင် (၆)ဦး၊ ဇူလိုင်လ (၇) ရက်နေ့တွင် (၁)ဦး နှင့် ဇူလိုင်လ (၈) ရက်နေ့တွင် (၁)ဦး စုစုပေါင်း (၁၀)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများအား ပြည်သူ့ဆေးရုံရှိ Community Based Facility Quarantine နေရာတွင်ထားရှိသူ (၁၄) ဦးအနက် ပထမအကြိမ်စစ်ဆေးပြီး (၇)ရက်ပြည့်ပြီးသူ (၃) ဦးအား ဒုတိယအကြိမ် RDT Test Kit ဖြင့် ယနေ့နံနက် (၉) နာရီခွဲအချိန် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိခဲ့‌ေကြာင်း ၎င်းတို့အား Quarantine ဝင်ရောက်သည့် နေ့မှစ၍ (၁၅) ရက်ပြည့်သည်အထိ Quarantine Center တွင် ထားရှိမည်ဖြစ်ပြီး (၁၅) ရက်ပြည့်ပြီးပါက နေအိမ်တွင် Home Quarantine (၅) ရက် ထပ်မံ နေထိုင်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)