ကွမ်းလုံ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ ကွမ်းလုံမြို့နယ် ၊ ကုန်းညောင်ကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး သည် ကျန်းမာရေးမကောင်းသဖြင့် ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးအား ကွမ်းလုံပြည်သူ့ဆေးရုံတွင် Hospital Quarantine ထားရှိ ဆောင်ရွက်လျက်ရှိပြီး ၎င်းနှင့် ထိတွေ့ဆပ်စပ်သူ ကျား (၃)ဦး ၊ မ(၇) ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine (၁၄) ရက် ဆောင်ရွက်ထားရှိ ကြောင်း နှင့်ဇူလိုင် (၁၅) ရက်တွင် RDT Test Kit ဖြင့် ပြည်လည်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)