လင်းခေးတွင်မြို့နယ် အားကစားနှင့်ကာယကော်မတီဥက္ကဋ္ဌဖလား(Club) အလိုက် အသက်၂၅နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်သည့် အခမ်းအနားကျင်းပ

လင်းခေး ဇူလိုင် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အားကစားနှင့်ကာယကော်မတီ ဥက္ကဋ္ဌ ဖလား အသက်၂၅နှစ်အောက်(Club)အသင်းလိုက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ခြင်းအခမ်းအနားမကျင်းပမီ ဌာနဆိုင်ရာ(ညွန့်ပေါင်း)အသင်းနှင့် မီးသတ်တပ်ဖွဲ့အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာဌာနဆိုင်ရာအသင်းက (၂) ဂိုး(၆)ဂိုးဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားခဲ့ပါသည်။

ဆက်လက်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ လင်းခေးမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပွဲစဉ်တလျှောက် အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံးကစားသမားဆု၊ ဂိုးအများဆုံးသွင်းနိုင်ခဲ့သူဆုများ ပူးတွဲတတိယ အသင်းဆု၊ ဒုတိယဆုနှင့် ပထမဆု (ငွေသားဆုများ)နှင့် ဗိုလ်စွဲရရှိသွားသောအသင်းအား ဖလားဆု ချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)