မိုးနဲမြို့၌ ကိုဗစ်-၁၉ Positive လူနာနှင့် Contact ရှိသူများအား စစ်ဆေးရာ အမျိုးသမီးတစ်ဦးတွင် ပိုးတွေ့ရှိ

မိုးနဲ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာနှင့် Contact ရှိခဲ့သည့် အမျိုးသမီး ၆ ဦးအား မိုးနဲမြို့၊ နာဟောင်ရပ်ကွက်၊ အမှတ်(၈၃)မိုးကုတ်ဝိပဿနာရိပ်သာ Quarantine Center တွင် ဇူလိုင် ၁၂ ရက်နေ့ကထားရှိ စောင့်ကြည့်ခဲ့ပြီး ယနေ့နံနက် ၈ နာရီအချိန်တွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ လွိုင်မြေရပ်ကွက် အုပ်စု (၂)နေ အသက် ၆၃ နှစ် အရွယ်အမျိုးသမီးတစ်ဦးတွင်း ကိုဗစ်-၁၉ ရောဂါပိုး Positive တွေ့ရှိကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉( Positive) ပိုးတွေ့ရှိသူအား မိုးနဲမြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation ward သို့ ရွှေ့ပြောင်းထားရှိကာ ကြပ်မတ်စောင့်ကြည့်လျက်ရှိကြောင်း၊ မိုးနဲမြို့မှ ၎င်း နှင့် Contact ရှိထားသူများကို မိုးနဲမြို့ နာဟောင်ရပ်ကွက်၊ အမှတ်(၈၃) မိုးကုတ်ဝိပဿနာရိပ်သာ Quarantine Center တွင်ထားရှိ၍ ကြပ်မတ် စောင့်ကြည့်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ (Positive) ပိုးတွေ့ရှိသူမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ခြင်း၊ အသက်ရှူရခက်ခဲခြင်းစသည့် လက္ခဏာများ တစ်စုံတစ်ရာမတွေ့ရှိရဘဲ ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသရေး လုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက် အရသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)