လှိုင်သာယာ(အရှေ့ပိုင်း) ၊ သြဂုတ် ၊ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်း ယနေ့နံနက် (၉)နာရီ အချိန်က 33KV လှိုင်သာယာ (1) (2)ဖီဒါအား ဓါတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးနှင့် ဓာတ်အားလိုင်းကြံ့ခိုင် ကောင်းမွန် ရေး အတွက် သစ်ပင်သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းသည်။
အဆိုပါ ခုတ်ထွင်ရှင်းလင်းရာတွင် မိုးရာသီကာလအတွင်း ပြည်သူများ ဓာတ်အားလိုင်း ပြတ်တောက် ခြင်းများ မဖြစ်ပေါ်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး လေပြင်းတိုက် ခတ်ခြင်းတို့ကြောင့် သစ်ပင်ပြိုလဲခြင်း အန္တရာယ် များ မဖြစ်စေရေးနှင့် 33KV စက်မှုဇုံများ ဓါတ် အားပြတ်တောက်မှု လျော့နည်း ကျဆင်းရေးတို့အတွက် စက်မှုဇုံ(၁)၊ (၂) ဖီဒါအား မြောက်ပိုင်း ခရိုင်မှ ကြီးကြပ်၍ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ YESCလိုင်း ဝန်ထမ်းများနှင့် ပန်းဥယျာဉ်ဌာန တို့မှ ပူးပေါင်း၍ ကရိန်း(၃)စီး ၊ လူအင်အား(၇၀)ဦးတို့ဖြင့် မီးကြိုးနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းခြင်း ဆောင်ရွက်နေ သဖြင့် အမှတ် (၃)၊ (၅)၊ (၇)၊ (၉)၊ (၁၀)၊ (၁၁)၊ (၁၂) ရပ်ကွက်များ ဓာတ်အားနှင့် စက်မှုဇုံ(၃)၊ (၄)တို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမည်ဖြစ်၍ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးလှမြင့်မှ ပြောကြားကြောင်းနှင့် လှိုင်သာယာမြို့နယ်အတွင်း ဓာတ်အား ပြတ်တောက်မှု လျော့နည်း ကျဆင်းရေးနှင့် ဓာတ်အားလိုင်း ကြံ့ခိုင်ကောင်းမွန်ရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)