ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်(၂၆)ဦး ထပ်မံတွေ့ရှိ

ဝမ်းတွင်း ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDTTestKit ဖြင့် စစ်ဆေး ပေးခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၂၆)ဦး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရာဂါ ပိုးရှိသူများမှ သဲတော(၃)ရပ်ကွက်မှ အသက်(၆၆)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၆၃)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၅၈)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၂၈)နှစ်ရှိ အမျိုသားတစ်ဦးနှင့် အသက်(၆)နှစ်ရှိ ကလေးငယ်(မ)တစ်ဦး၊ လေးမျက်နာကျေးရွာမှ အသက်(၂၁)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ ပင်းတလဲကျေးရွာမှ အသက်(၆၆)နှစ်ရှိ အမျိုးသားတစ်ဦး၊ သဲကန်ကျေးရွာမှ အသက်(၃၉)နှစ်ရှိ အမျိုးသားတစ်ဦး၊ ရွာရှည်ကျေးရွာ အသက်(၂၆)နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက်(၂၃)နှစ်ရှိ အမျိုးသားတစ်ဦး၊ ထီးလှိုင်(အနောက်)ကျေးရွာမှ အသက်(၆၄)နှစ်ရှိ အမျိုးသားတစ်ဦး၊ သုံးဒေါင့်အိုင်ကျေးရွာ အသက်(၇၃)နှစ်ရှိ အမျိုးသားတစ်ဦး၊ ဝမ်းတွင်း(၃)ရပ်ရှိ အသက်(၄၉)နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက်(၂၀)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ ဝမ်းတွင်း(၁)ရပ်ကွက်မှ အသက်(၆၃)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၄၀)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၄၀)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၁၅)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၁၂)နှစ်ရှိ ကလေးငယ်(ကျား)တစ်ဦး၊ အသက်(၈)နှစ်ရှိ ကလေးငယ်(ကျား)တစ်ဦး၊ အသက်(၄၃)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၃၅)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၃၅)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၇)နှစ်ရှိ ကလေးငယ်(ကျား)တစ်ဦး၊ ဝမ်းတွင်း(၂)ရပ်ကွက်မှ အသက်(၈၅) အမျိုးသမီးတစ်ဦး၊ လျော်ပင်ကျေးရွာမှ အသက်(၆၃)နှစ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ပိုးတွေ့လူနာများထဲမှ လျော်ပင်ကျေးရွာနေ အသက်(၆၃)နှစ်ရှိ အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကြောင်းနှင့် ကျန်ရှိသော ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ကုသဆောင်တွင် ကျား(၁၈)ဦး၊ မ(၂၃)ဦး ပေါင်း(၄၁)ဦးနှင့် မြို့နယ်အားကစားကွင်း မိုးလုံလေလုံ အားကစားရုံ ကိုဗစ်-၁၉ရောဂါ ကုသဆောင်တို့တွင် ကျား(၄၁)ဦး၊ မ(၃၆)၊ ပေါင်း(၇၇)ဦး၊ စုစုပေါင်းပိုးတွေ့လူနာ (၁၁၈)ဦးတို့သည် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့သူများအား စုံစမ်းဖော်ထုတ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)